top of page

​အသက်အရွယ်အလိုက် food တွေအများကြီးရှိပြီး မှန်မှန်ကန်ကန်ရွေးချယ်ရန်မှာ

Life Stageအရ

မွေးကင်းစ၊ ပေါက်စ၊ အရွယ်ရောက်၊ အသက်အရွယ်ကြီးလာစသဖြင့် Life Stage ပေါ်မူတည်၍ လိုအပ်သည့် အာဟာရ ပါဝင်ပစ္စည်းလည်း ကွဲပြားခြားနားသည်။ Life Stage အသီးသီးနှင့် ကိုက်ညှိ၍ အစာ အမျိုးအစားနှင့် ပမာဏကိုစဉ်းစားပြီး ကျွေးပေးပါ။

Life Stage ခွဲခြားမှု (အကြမ်းဖျင်းအားဖြင့် ​)

မွေးပြီးရက် (၃၀) အထိ

မိခင်နို့ (သို့) ခွေးသီးသန့်သုံးနို့ကို တိုက်ပေးပါ။

မွေးပြီးရက် (၂၀) ကနေ ၆၀ ရက် အထိ

နို့ပြတ်စေသောအစာအပျော့ (သို့) ခွေးပေါက်လေးအတွက် အစာခြောက်ကိုရေနွေး (သို့) နို့ဖြင့်ဖျော်ပြီး ကျွေးရမည်။

 

 ၂ လ မှ ၁ နှစ်အထိ (ခွေးကြီးမျိုးဆိုရင် ၁နှစ် ၆ လ၊ ခွေးသေးမျိုးဆိုရင် ၁၀ လ)

ခွေးငယ်လေးအတွက်အစာ ကို ကျွေးပေးပါ။

 

အရွယ်ရောက်ကာလ - ၁ နှစ် မှ ၇ နှစ်အထိ

ပုံမှန်အစာကိုကျွေးပေးပါ။

စီနီယာ (အရွယ်ရောက်ပြီးအသက်ရွယ်ကြီး) - ၇ နှစ်မှ ၁၀ နှစ်အထိ (ခွေးပေါ်လိုက်၍ ကွာ)

အစာခြေဖျက်နိုင်မှုကျဆင်းလာသည့်အရွယ် စီနီယာများအတွက် အဆီနည်းပြီး အစာအိမ်နှင့်အူကို ဝန်မပိစေသည့်

အစာနှင့် ဗီတာမင် E ၊ Glucosamine စသည်တို့ ရောနှောပါဝင်သည့်  သီးသန့်အစာကို ကျွေးရသည်။

 ၁ နှစ်အရွယ်ကျော်သွားသည့်အခါမှာရော ခွေးပေါက်အစာကို ကျွေးလို့ရလား။

ခွေးပေါက်စအတွက် အစာသည် တရှိန်ထိုးဖွံ့ဖြိုးလာသည့် ခွေးပေါက်စလေးများအတွက်အာဟာရဓာတ် များသောကြောင့် ဆက်ကျွေးနေပါက အဝလွန်မှုနှင့် နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ချေရှိသည့် အတွက် ၁ နှစ်ကျော်သွားရင် အရွယ်ရောက်နေသူအတွက် ‌ကျွေးရသော Dog food နှင့် ပြောင်း ကျွေးပေးပါ။

​Check !!

BAWAMYANMAR

Bawa-logo-S-color.png

BawaMyanmar

Bawa Myanmar CO.,LTD
No1.(A) Waizayandar Yeik Mon,Yeik Thar(1)Street
Tarmwe Lay,Tarmwe Township,Yangon,Myanmar
TEL : +95 9250406466  +95 9787366345

  • Facebookの社会的なアイコン
bottom of page