
ညီညွတ်မျှတသောအာဟာရကို ရရှိစေရန်အတွက်
လိုအပ်သော အာဟာရဓာတ်များ
★စွမ်းအင်အရင်းအမြစ်ဖြစ်သော အာဟာရ : ကစီဓာတ်၊ အသားဓာတ်၊ အဆီ (အရေးပါသော ဓာတ်ကြီး ၃ မျိုး)
★ခန္ဓာကိုယ်ကြီးထွားမှုအတွက် အာဟာရ : အသားဓာတ်၊ အဆီ၊ သတ္တုဓာတ် (Mineral)၊ ရေ
★ခန္ဓာကိုယ်ရဲ့အခြေအနေကို ထိန်းညှိပေးသော အာဟာရ : အသားဓာတ်၊ အဆီဓာတ်၊ သတ္တုဓာတ် (Mineral)၊ ဗီတာမင်၊ ရေ
တိရစ္ဆာန်လေးများက ကျန်းမာသောခန္ဓာကိုယ်ကို စဉ်ဆက်မပြတ်ထိန်းသိမ်းထားနိုင်ရန်အတွက်မှာ အထက်ဖော်ပြပါ အာဟာရဓာတ်များကို ညီညွတ်မျှတစွာ ရယူနိုင်ရန် လိုအပ်သည်။
ကိုယ် ကိုယ်တိုင်ချက်ပြုတ်ထားသော အစာကို ပေးကျွေးလို့ရောမရဘူးလား။
မွေးထားသောပိုင်ရှင်ကိုယ်တိုင်က အစားအသောက်ကို ရွေးချယ်ပြီးတော့ ချက်ပြုတ်ထားသောအစာကို ကျွေးခြင်းဟာ မကောင်းဘူးဆိုတာမျိုးမဟုတ်ပါ။ အထူးသဖြင့် အစာဓာတ်မတည့်တာမျိုးရှိနေခဲ့ရင် မဖြစ်မနေလိုအပ်တယ်လို့တော့ ပြောလို့ရပါတယ်။ သို့သော် လူနှင့်ခွေးက လိုအပ်သော အာဟာရအချိုးက မတူညီတဲ့အတွက် ခွေးကို ကျွေးလို့မရတဲ့ အစားအစာကုန်ကြမ်းကို သေသေချာချာသိထားပြီး ချက်ပြုတ်ရန်လိုအပ်ပါတယ်။ ထို့ပြင် ကိုယ်ကိုယ်တိုင်ချက်ပြုတ်ထားသော အစားအစာဟာ ကာလရှည်ကြာ သိမ်းထားလို့မရတာက များတဲ့အတွက် ချက်ပြီးချက်ချင်းကျွေးပစ်တာပဲ ကောင်းပါတယ်။
အာဟာရဓာတ်အကြောင်း ဗဟုသုတပြည့်ပြည့်ဝဝမရှိပါက အာဟာရညီညွတ်မျှတအောင် ချက်ပေးနိုင်ရန်မှာ ခက်ခဲပါတယ်။ အဓိက အစာဖြစ်သော အလုံးစုံအာဟာရပါဝင်သည့် Dog Food နှင့်တွဲပြီး ကျွေးခြင်းမျိုး၊ တခါတလေ အပြောင်းအလဲအဖြစ် ချက်ကျွေးခြင်းက ကောင်းသည်။ ရေရှည်အိမ်ချက်အစာကို ကျွေးနေပါက အာဟာရဘက်လိုက်တာမျိုးဖြစ်တတ်တဲ့အတွက် ကျန်းမာရေးစစ်ဆေးခြင်းကို သတ်သတ်မှတ်မှတ်ပြု လုပ်ပေးသင့်ပါသည်။
အသားဓာတ်
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေခြင်း၊ ရရှိထားပြီးသော ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရန် ထိန်းသိမ်းပေးခြင်းကို ပြုလုပ်ပေးသည်။ ကြွက်သား၊ အရေခွံ၊ အမွှေး၊ သွေး၊ ကိုယ်တွင်းအင်္ဂါကလီစာများကို ဖွဲ့စည်းထားသည်မှာ အသားဓာတ်ဖြစ်သည်။ အသားဓာတ်သည် amino acid အမျိုးအစားများစွာကို စုစည်းပေါင်းစည်း၍ ဖြစ်ပေါ်လာသောအရာဖြစ်ပြီး အစာမှ တဆင့် ရရှိသော အသားဓာတ်သည် amino (အမိုင်နိုအက်ဆစ်)အဖြစ် ပြန်ခွဲပြီး စုပ်ယူသည်။ အသားဓာတ်ရရန်အရင်းအမြစ်များမှာ အမဲသား၊ ကြွက်သား၊ ဆိတ်၊ သိုး၊ ငါး အမျိုးအစား၊ ပဲပိစပ်တို့ဖြစ်သည်။
အဆီဓာတ်
တခြားအာဟာရဓာတ်များထဲတွင်လည်း 1 g (ဂရမ်) တွင် စွမ်းအင်အများဆုံးရရှိသောအဆီမှာ အဓိက ခုန်ပေါက်ပြေးလွှားခြင်း စသော စွမ်းအင်သုံးမှုအတွက် အရေးကြီးသော အရင်းအမြစ်အာဟာရဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် မဖွဲ့စည်းနိုင်သော မဖြစ်မနေလိုအပ်သည့် အဆီဓာတ် (Linoleic acid, α-linoleic acid) ကို ဖြည့်ပေးခြင်းနှင့် ခန္ဓာကိုယ်ကို ဖွဲ့စည်းပေးသည့် ဆဲလ်အမြှေး ဖြစ်ပေးသည့် စွမ်းရည်မျိုးရှိသည်။
အမဲဆီ၊ ဝက်ဆီ၊ မွေးမြူရေးတိရစ္ဆာန်အဆီ၊ ငါးကြီးဆီ၊ အပင်များမှရသော အဆီတို့သည့် အဆီ၏ အရင်းအမြစ်များဖြစ်သည်။
ကစီဓာတ်
အစာခြေဖျက်ပေးခြင်းဖြင့် သကြားဓာတ်နှင့် ကော်ဓာတ် (starch) အဖြစ် ကွဲသွားပြီး ၄င်းတို့က ဂလူးကိုစ့်အဖြစ် ချက်ချင်းအသွင်ပြောင်း၍ ဦးနှောက်နှင့် အာရုံကြောစနစ်၏ စွမ်းရည်အရင်းခံဖြစ်လာသည်။ အစာခြေရည်ဖြင့် ခွဲထုတ်၍မရပဲ ကျန်နေသော အမျှင်တန်းဓာတ်၏ တချို့မှာ အူအတွင်းရှိ ပိုးမွှားများနှင့် ဓာတ်ပြု (အချဉ်ဖောက်) ၍ အူအတွင်း လှုပ်ရှားမှုကို ကောင်းမွန်အောင်ပြုလုပ်ပေးသည်။
ပြောင်းဖူး၊ ဂျုံ၊ ဆန်၊ အာလူးစသည်တို့က ကစီဓာတ်၏ အရင်းအမြစ်များ ဖြစ်သည်။
ဗီတာမင်
ဗီတာမင်သည် စွမ်းအင်အရင်းအမြစ်မဖြစ်သော်လည်း ခန္ဓာကိုယ်အတွင်း ကိုယ်ခံအားကောင်းအောင် လည်ပတ်ပေးရန် မဖြစ်မနေလိုအပ်သည်။ ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်များ (B,C) နှင့် ဆီတွင် ပျော်ဝင်သော ဗီတာမင်များ (A,D,E,K) တို့ရှိသည်။ တော်တော်များများက ခန္ဓာကိုယ်ထဲတွင်လိုအပ်သောပမာဏကို ပြည့်ဝအောင် မဖန်တီးပေးနိုင်သောကြောင့် အစားအစာမှ ရယူရမည်ဖြစ်သည်။
ကြောင်နှင့် ခွေးက ဗီတာမင် C ကို မိမိတို့ခန္ဓာကိုယ်အတွင်း၌ ထုတ်ပေးနိုင်သောကြောင့် အစားအစာမှ ရယူရန် မလိုအပ်ပါ။
အဓိကကျသော သတ္တုဓာတ် (ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်) နှင့် အနည်းငယ်သာ လိုအပ်သော (သံ၊ ဇင့်၊ ကြေးနီ၊ အိုင်အိုဒင်း၊ ပိုတက်ဆီယမ်၊ ဆီလီနီယမ်) စသည့် ကိုယ်ခန္ဓာ၏အမျိုးမျိုးသော လုပ်ဆောင်ချက် များကို ထိန်းသိမ်းထားနိုင်ရန်အတွက် အရေးကြီးသောတာဝန်ကို ယူထားရသည်။ ခန္ဓာကိုယ်ထဲတွင် တကယ့်ကို မဖြစ်စလောက် ပမာဏဖြစ်သော သတ္တုဓာတ်များဖြစ်သော်လည်း အသီးသီးအပြန်အလှန်အသုံးချရင်းဖြင့် သမမျှတမှုကို ရယူနေသည့်အတွက် မျှမျှတတရယူရန် အရေးကြီးသည်။
သတ္တုဓာတ် (Mineral )
တိရစ္ဆာန်က လိုအပ်သည့် စွမ်းအင်ပမာဏက အသက်၊ ခန္ဓာကိုယ်အကြီးအသေး၊ လှုပ်ရှားမှုပမာဏပေါ်မူတည်၍ အပြောင်းအလဲ ရှိသည်။ ၁ ရက်တာ၏စွမ်းအင်လိုအပ်ချက်ပမာဏ (DER) သည် ငြိမ်နေ/ နားနေသည့်အချိန်၏ စွမ်းအင်လိုအပ်ချက် (RER) x မြှောက်ဖော်ကိန်းဖြင့် တွက်ချက်သည်။
(RER) ဆိုသည်မှာ နှလုံးခုန်ရုံ၊ အသက်ရှုရုံသက်သက်ဖြင့် အသက်ရှင်ရန် လိုအပ်သည့်အနိမ့်ဆုံး စွမ်းအင် ပမာဏဖြစ်ပြီး (၇၀ x ကိုယ်အလေးချိန် (kg) ၀.၇၅) ဖြင့် တွက်ချက်သည်။ အသက်အရွယ်နှင့် Pet အသီးသီး၏ အခြေအနေပေါ်မူတည်၍ မြှောက်ဖော်ကိန်းက ပြောင်းလဲသွားမည်။ ဥပမာ {အရွယ်ရောက်ပြီးသားခွေးလေး ဖြစ်ပါက : ၁၃၂ ဖြင့် မြှောက်သည်။}
စွမ်းအင်လိုအပ်သည့်ပမာဏ
BAWAMYANMAR