top of page

အာဟာရ မျှတစွာပါဝင်သောအစားအစာနှင့် ရိုးရိုးအစားအစာကို သင်ယူကြရအောင်။
အဓိကအစားအစာ (လူမှာလိုပြောရင် ထမင်း)အဖြစ် အလုံးစုံအာဟာရပါသောအစာဆိုတာမျိုးကို ရွေးချယ်ရပါမယ်။
အလုံးစုံအာဟာရပါသောအစာဆိုသည်မှာ ဒီအစားအစာနှင့် ရေကိုပဲ ပေးကျွေးရုံဖြင့် ကျန်းမာရေးအတွက် စိတ်ပူစရာမလိုပဲကျန်းမာကြံ့ခိုင်မှုကို ထိန်းသိမ်းထားနိုင်သည့် အာဟာရသမမျှတသော pet food ကို ဆိုလိုပါတယ်။
အကယ်၍ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးစတာတွေကို ကျွေးမယ်ဆိုရင် ဟင်းလိုအရာမျိုးဖြစ်တဲ့အတွက် အလုံးစုံအာဟာရပါတဲ့အစာ (အဓိကအစာ) မှာရောနှော၍ ကျွေးပေးပါ။
အသား၊ ငါး စည်သွပ်ဘူးလိုမျိုး များဟာလည်း ဟင်းလိုမျိုးအမျိုးအစားမျိုးဖြစ်တဲ့အတွက် သတိမထားမိတဲ့ အချိန်မှာ အဓိကအစာလို ဖြစ်သွားလေ့ရှိတဲ့အတွက် သတိထားဖို့လိုပါတယ်။
Snack နဲ့ အဆာပြေမုန့်လိုဟာမျိုးကတော့ တနေ့တာအတွက်လိုအပ်တဲ့ ကယ်လိုရီပမာဏရဲ့ ၂၀ % အတွင်း မှာသာ ကျွေးပေးပါ။
စားလို့ကြိုက်လို့ လိုချင်သလောက် ကျွေးမယ်ဆိုရင် ကယ်လိုရီအရမ်းများပြီး အဝလွန်တာမျိုး၊ အာဟာရ ဘက်လိုက်သွားတာမျိုး ဖြစ်သွားတတ်ပါတယ်။
ထို့အပြင် တိရစ္ဆာန် ဆရာဝန်ညွှန်ကြားချက်ဖြင့် ပေးကျွေးရသည့်အစာမျိုးလည်းရှိသည်ကို သတိထားပေးပါ။
BAWAMYANMAR
bottom of page