top of page

Dog Food နဲ့ Cat Food ဘာကွာလဲ။

သာမန်အားဖြင့် ခွေးက အမျိုးစုံစားသတ္တဝါဖြစ်ပြီး၊ ကြောင်က အသားစားသတ္တဝါဖြစ်ပါတယ်။

Taurine ဓာတ်ကို ခန္ဓာကိုယ်ထဲမှ မထုတ်လုပ်နိုင်သော ကြောင်က ထိုဓာတ်ကို Food မှတဆင့် ရယူရတဲ့ အတွက် Taurine ဓာတ် ပါဝင်သောကြောင်စာကို ကျွေးပေးဖို့လိုအပ်ပါတယ်။ 

(လူ၊ ခွေး၊ ကြောင် တို့တွင် လိုအပ်သောအာဟာရ ဖွဲ့စည်းပုံအချိုး)

ခွေး    

ကြောင်            

 လူ

dog.jpg
cat.jpg
hito.jpg

ခွေးက ကြောင်စာစားလို့ရလား။ ကြောင်က ခွေးစာစားလို့ရလား။

တစ်ခါတစ်လေစားဖြစ်လိုက်တာမျိုးဆိုရင် ပြဿနာမရှိပေမဲ့ ကာလတာရှည် ဆက်တိုက်ကျွေးလာမယ်ဆိုရင် အာဟာရတဖက်စောင်းနင်းဖြစ်၍ အာဟာရချို့တဲ့မှု ဖြစ်နိုင်ပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ကြောင်ပါရှိသော မိသားစုက အတူတူမကျွေးပဲ စားချိန်နှင့် နေရာကိုခွဲထားပြီး တခြားအစာကို မစားဖြစ်အောင် ဂရုစိုက်ပါ။

Check!!

 ရေလည်းအရေးကြီးပါတယ်။

ရေဟာ တိရစ္ဆာန် ၏ ခန္ဓာကိုယ်တွင် ၆၀ % ကနေ ၇၀ % အထိပါဝင်နေပါတယ်။ ရာခိုင်နှုန်းအနည်းငယ်     မလုံလောက်ရင်ကို ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ၁၀ % အထက်ဆုံးရှုံးရင် အသက်အန္တရာယ်ကို ထိခိုက် နိုင်ပါတယ်။ အမြဲတစေသန့်ရှင်းလတ်ဆတ်တဲ့ ရေကို လဲလှယ်တိုက်ပေးပါ။

တစ်ခါတည်းအပြီးအကြာကြီးထည့်ပေးထားတာကို သောက်စေတာမျိုးမဟုတ်ပဲ အခန်းထဲမှာ ရေကို ဟိုနားဒီနား မှာထားပေးပြီး သောက်ချင်တဲ့အချိန်မှာ ချက်ချင်းသောက်လို့ရအောင် လုပ်ထားပေးပါ။

အရမ်းပူတဲ့အချိန်ဆိုရင် ရေထဲမှာရေခဲတစ်တုံးနှစ်တုံးကို ပေါလောပေါ်လာအောင်လုပ်ထားရင် စိတ်ဝင်စားပြီး သောက်လာပါလိမ့်မယ်။

တစ်နေ့ ဘယ်လောက်သောက်ရမလဲ။

လူနေမှုပတ်ဝန်းကျင်နှင့် စားနေသောအစားအစာ၊ အသက်အရွယ်ပေါ်မူတည်ပြီး ကွာခြားသည်။ မှန်းခြေအနေဖြင့် ကိုယ်အလေးချိန် ၅ ကီလိုဂရမ် (kg) ရှိရင် ၄၄၀ မီလီလီတာ (ml)၊ ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ် (kg) ရှိရင် ၇၄၀ မီလီလီတာ (ml)လောက် လိုအပ်ပါတယ်။

Check !!

လူ၊ ခွေးနှင့် ကြောင်တို့တွင် လိုအပ်သောအစာအာဟာရအချိုးက မတူညီကြပါ။ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို

ပိုင်ဆိုင်နိုင်ဖို့အတွက် ခွေးအတွက်က သီးသန့်အာဟာရညီညွတ်မျှတတဲ့ Dog Food၊ ကြောင်မှာလည်း

ကြောင်အတွက်သီးသန့်အာဟာရမျှတသော Cat Food ကို ကျွေးပေးရပါမယ်။

BAWAMYANMAR

Bawa-logo-S-color.png

BawaMyanmar

Bawa Myanmar CO.,LTD
No1.(A) Waizayandar Yeik Mon,Yeik Thar(1)Street
Tarmwe Lay,Tarmwe Township,Yangon,Myanmar
TEL : +95 9250406466  +95 9787366345

  • Facebookの社会的なアイコン
bottom of page